Google ကနေ ဝန်ဆောင်မှု့တစ်ခု ဖြစ်တဲ့ g talk မှာ auto ဘာသာပြန်စနစ်ကို ထည့်သွင်းထားပါတယ်...
အသုံးပြု့ချင်တဲ့သူတွေအတွက် ဖော်ပြပေးလိုက်မယ်နော်..
အရင်းဆုံး bot account ကို invite လုပ်ရမှာဖြစ်ပါတယ်...
ဥပမာနေနဲ့ eng ကနေ chinese ကိုဘာသာပြန်ချင်သူများအတွက် gtalk ကနေen2zh@bot.talk.google.com ကို invite လုပ်ရမှာဖြစ်ပါတယ်.. ပြီးရင်Chat box မှာ ကိုယ်ရိုက်ချင်တဲ့ စာရိုက်ထဲ့ သူက အလိုလျောက် ချက်ချင်းဘာသာပြန်ပေးသွားပါလိမ့်မယ်. အဲဒါကို ကိုယ်ပြန်သုံးချင်ရင် copy ကူး paste လုပ်ကိုယ်ပြောချင်တဲ့လူကို ကိုယ်ကြိုက်တဲ့ ဘာသာစကားနဲ့
ပြောနိုင်တာပေါ့ နိုင်ငံခြား ဘာသာစကားကျွမ်းကျင်သူတွေတွက် ပိုအသုံးဝင်တာပေါ့ - တကယ်လို့ chinese ကနေ eng ပြောင်းသုံးချင်ရင်တော့ zh2en@bot.talk.google.com ကို add ၍အသုံးပြု့နိုင်ပါတယ်...ဆက်လက်ပြီးအခြားသော ဘာသာစကားများကိုလည်း ထို့နည်းတူ ပြု့လုပ်နိုင်ပါတယ်...1. Eng; - Arabic = en2ar 2. Eng; - Swedish = en2sv 3. Eng; - Spanish = en2es 4. Eng; - Russia = en2ru 5. Eng; - Bulgarian = en2bg 6. Eng; - Croatian = en2hr 7. Eng; - Traditional Chinese = en2zh-hant 8. Eng; - Chinese = en2zh 9. Eng; - Greek = en2el 10. Eng; - French = en2fr 11. Eng; - Japanese = en2ja 12. Eng; - Korea = en2ko 13. Eng; - Italian = en2it 14. Eng; - Norwegian = en2no 15. Chinese – Traditional Chinese = zh2zh-hant etc ., အဲဒိနောက်မှာ @bot.talk.google.com ထဲ့ဖို့တော့ မမေ့နဲ့နော်....ယခု ပြပေးထားတာက eng ကနေပြောင်းတာပါ.. တကယ်လို့ eng ကိုပြန်ပြောင်းချင်ရင်တော့ ပြောင်းပြန်ပြန် ရိုက်ဖို့တော့မမေ့ပါနဲ့...ဥပမာ korea ကနေ eng ပြောင်းချင်ရင် ko2en@bot.talk.google.com ကို invite လုပ်ခိုင်းတာပါ....
မြန်မာ လိုတော့မရသေးပါဘူး....
G mail. မှာ back ground အလှဆင်သလို... Google Search မှာလဲ back ground ကိုအလှဆင်လို့ ရပါတယ်...
အရမ်းကိုလွ.ယ်ပါတယ်....
အရင်ဆုံး Google ကို log in အနေနဲ့ ဝင်ရောက်လိုက်ပါ......
ပြီးရင် အောက်ဖက်က ဘယ်ဘက်ထောင်မှာ
..Change background image ဆိုပြီးတော့တွေ့ပါလိမ့်မယ်....
အဲဒီမှာ click လိုက်ရင် BOX တစ်ခု ကျလာပါလိမ့်မည်...အဲဒီ box ထဲမှာ ပုံကို စိတ်ကြိုက် ပုံတစ်ပုံကိုရွေးပြိးတော့
ပြောင်း လိုက်ရုံပါပဲ....
မိမိ စိတ်ကြိုက်ပုံတင်ချင်ရင်တော့...from my computer ဆိုတဲ့ tab မှ browser မှာ စိတ်ကြိုက် ရှာနိုင်ပါတယ်..
တချို့သူတွေကတော့သိပြီးနေပါပြီ.. မသိတဲ့သူများအတွက်ရည်ရွယ်ပါသည်....
၁) အရင်ဆုံး g mail ကိုဝင်လိုက်ပါ....
၂) g mail ကိုဝင်ပြီးရင် setting ကို click လိုက်ပါ...
၃) setting က...နောက်ဆုံးက Themes ကို click လိုက်ပါ....
၎)Themes.. မှာ နှစ်သက်ရာပုံကို click လိုက်ပါ...အဲဒီထဲက ပုံတွေကိုမနှစ်သက်လို့ ထပ်ရွေးချင်သေးရင်တော့...အောက်ဆုံးမှာ choose your own colours ကို သွားပြီး ကြိုက်နှစ်သက်ရာ အရောင်ကိုရွေးလို့ ရပါတယ်...
(select your location ဆိုတဲ့ box ကျလာရင် city နေရာမှာ yangon လို့ ရို့က်ထည့် လိုက်ပါ ပြီးရင် save လိုက်ဖို့ တော့ မမေ့နဲ့နော်)....
ကဲ...ဘယ်လိုအလှဆင်ရမယ်ဆိုတာ သိပြီးပြီဆိုတော့ မိမိ g mail back ground ကို စိတ်ကြိုက် ကလိ လို့ ရပြီပေါ့....ပြောတာကိုမယုံရင် ကိုယ်တိုင် လိုက်လုပ်ကြည့် ပြီး ဟုတ်မဟုတ်စမ်းကြည့်ပေါ့...
p.s; တစ်ခုတော့ရှိတယ်...Mozailla Firefox မှတော့ အဆင်ပြေပေမယ့် ie6 မှာတော့ အဆင်မပြေပါဘူး...တကယ်စမ်းကြည့်ချင်တယ်ဆိုရင်တော့ ..Mozailla Firefox မှာပဲ စမ်းစေချင်ပါတယ်....
Facebookတွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်
အစစ်အမှန်မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။ ဖေ့ဘုတ်ခ်တွင်
သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို အသေအချာ ဖတ်ရှုပါ။
၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။
ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။
ပြီးတော့ လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ
ပုန်းကွယ်နှင့်ပြီးဖြစ်သည်။ သို့သော် သင်ဟာ ၎င်း categories အများအပြားတွင်
ဆက်တင်ကို မသုံးဘူးဆိုရင် တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကို
မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဖေ့ဘုတ်လ်အကောင့်အတွက်
အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။
သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profile
information ဆီသွားပါ။ Categories ၁၂ ခုလုံးအတွက် သင့်ရဲ့
သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။ အဲဒီနောက်မှာ Privacy> Contact
information ကို ပြန်သွားပါ။ သင့် privacy ဆက်တင်မှာရှိတဲ့ categories ၉
ခုလုံးကိ ပြင်ဆင်ပါ။
၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။
တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန် Account>
Privacy settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက်
‘Only friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။
၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့
ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။
သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့
ကောက်ကြောင်းပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက်
ဆက်သွယ်လာမှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်
အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။
ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings >
Applications and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact
Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို
ကလစ်ပါ။ ဖန်သားပြင်ရဲ့ အောက်ဆုံးမှာ ပုံးလေဟာ
အမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။ ဘယ်ကြေငြာမှာမှ သင့်
အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက Account> Account
Settings> Facebook Adaverts ဆီသွားပါ။ ‘no one’ on ‘Allow ads on
platform pages to show my information to’ နှင့် ‘Show my social
actions in Facebook ads to’ တခုကို ရွေးချယ်ပါ။
၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။
အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့
အကြောင်းအရာအသစ်ဖြစ်ပါတယ်။ အဲဒီ feature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့
ကြည့်ရှုစစ်ဆေးမယ့် devices များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။
Account> Account settings > Account security သို့ သွားပါ။ ‘Would you
like to receive notifications for logins from new devices’ ကို
ကလစ်ပေးပြီးနောက်မှာ အောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။
အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကို
မေးနေပါလိမ့်မယ်။ အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။
အခုချိန်မှာတော့ သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က
ဝင်ရောက်မယ်ဆိုရင် အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။
ထိုပုံစံမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း
လျှို့ဝှက်နံပါတ်ကို ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို
အကြောင်းအကြားပါ။
၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။
ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို
ခိုယူသူတွေအတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့
ပိုမိုပြည့်စုံတဲ့ သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့
သင့် ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး
အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့ မွေးရက်သက္ကရာဇ်
အပြည့်အစုံထည့်သွားပြီးခဲ့လျှင် ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’
tab ကို ကလစ်ပါ။ “Edit information” လုပ်ပါ။ အခြေခံ
အကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ် ရက်
ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။
၆။ သင်သူငယ်ချင်များမှ သင်ကိုယ်သင် ကာကွယ်ပါ။
သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ
သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆ
အသုံးပြုလာနိုင်တယ်။
ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and websites
> What your friends can share about you သို့သွားပါ။
ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး save
ပြန်လုပ်ပါ။
၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။
ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ
မသုံးမိရန် အသေအချာ လုပ်ပါ။ ဒါကတော့ ‘Info’ section မှာ မထည့်ဖို့
အတွက်ပါပဲ။
Rich Evans ရေးသားသော Seven tips for staying safe on Facebook ကို
ဆီလျော်သလို ဘာသာပြန်ထားသည်။
ဖော်ပြပေးသောpktkawn.heliohiost အားကျေးဇူးတင်ရှိပါသည်။