G talk မှာ မိမိ အမည်မကျန်အောင် လုပ်တဲ့ နည်းလမ်လေးပါ...
...ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ ပါတယ် ။ အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန် ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊ သူတို.ရဲ. Gmail Addressတွေက ဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။ နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ GmailAddressကိုသူများ မသိအောင် ဘယ်လိုဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့ စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။ စလုပ်လိုက်ရအောင်။
၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
(သို.မဟုတ်)Window+R ကိုတွဲဖိပါ။
၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။
၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။
၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။
၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။
၆။ Google Talk ကိုရှာပါ။
တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။
၇။ Account နှိပ်ပါ။
Gmail Address များကိုတွေ.ရပါလိမ့်မည်။
အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်
ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။
ဒါကတော့ ကိုဇော် ရဲ့နည်းလမ်းလေးကို မူရင်းအတိုင်း ကူးပေးတာပါ.
နောက်တစ်နည်း ရှိပါတယ်သေးတယ်..အရမ်းလွယ်ပါတယ်...
1 )G talk မှာ sing out ထွက်ပြီးတာနဲ့... log in address ကို ဖျက်လိုက်ပါ.... ပြီးရင် G talk box ကိုပိတ်လိုက်ပါ....
2 ) ပိတ်ပြီးတာနဲ့ Destop screen ရဲ့ညာဘက်ထောင့်မှာ Gtalk icon ပုံလေးပေါ်ကို right click နှိပ်ပြီး exit နဲ့ ထွက်လိုက်ပါ....
ဒါဆိုရင်ပြီးပါပြီ
ကျွန်တော် ပုံနဲ့ ပြထားပါတယ်...
လုံးဝ(လုံးဝ)ကို မိမိ e mail address မကျန်စေရဘူးလို့ အာမခံပါတယ်..
M :: M :: G Myanmar Multiply Group တွင်ဖော်ပြထားသော post ကို ပူရင်အတိုင်း ပြန်လည်တင်ပြပေးလိုက်တာပါ....... မူရင်းကိုဖက်ချင်ရင်တော့ http://multiplygroups.multiply.com/journal/item/634 အခုပေးထားတဲ့ လင့်မှာဖက်လို့ ရပါတယ်
Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။
ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။
အားလုံးအဆင်ပြေနိုင်ကြပါစေ။ဒီ Post လေးမှာ အဆင်မပြေတာများရှိခဲ့ရင် ကျွန်တော့်ကိုပြောပါ။ အဆင်ပြေခဲ့ရင် သူငယ်ချင်းတွေကို share ပေးပါ။
Access Denied နေတဲ့ဆိုဒ်တွေထဲမှာအချို့ချို့က အရေမရ အဖက်မရ ဆိုဒ်တွေရှိပေမယ့်..တကယ်အသုံးဝင်မယ့် ဆိုဒါတွေကလဲ မနည်းလှပါဘူး..ဒါကြောင့် ကိုယ့်အတွက် အကျိုးရှိစေမယ့် ဆိုဒ်တွေကပိတ်နေရင်...ပိတ်နေတဲကဆိုဒ်တွေ(
Access Denied) ဖြစ်နေတဲ့ဆိုဒ်တွေကို proxy website တွေမသုံးပဲ ကျော်ကြည့်လို့ရမယ့်နည်းလမ်းလေးပါ... ဒီနည်းလမ်းလေးက ip block ခံထားရတဲ့ ning ဆိုဒ်အချို့ကိုတောင် ကြည့်လို့ရတယ်..အထင်တော့မသေးနဲ့နော်...
သိပြီးပြီးဆိုရင်တော့ နှခေါင်းမရှုံ့နဲ့ပေါ့ဗျာ....မသိတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ ရေးပေးလိုက်တာဆရာလုပ်တယ်လို့လဲမထင်နဲ့...
ကဲပါပြောနေတာကြာပါတ ယ်.. လက်တွေ့ပဲစရအောင်.......
အရင်ဆုံး Mozilla Firefox addon လေးတစ်ခုကို download လုပ်ဖို့တော့လိုမယ်ဗျ......
ိdownload lind >>>
https://addons.mozilla.org/en-US/firefox/addon/5833/ <<<
အခုပေးတဲ့လင့်ကနေ download လုပ်ပြီး Firefox မှာတက်လိုက်ဗျာ....addon ကိုအသုံးပြု့ဖူးတဲ့သူတွေကတော့ ဘယ်လို instill လုပ်ရမယ်ဆိုတာသိပါလိမ့်မယ်....
မသိတဲ့သူများအတွက်ဘယ်လိုလုပ်ရမယ်ဆိုတာ ကို ရှင်းပြပေးပါ့မယ်....
အခုပေးထားတဲ့ link ကနေ download လုပ်လိုက်မယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း box ကလေးတစ်ခုကျလာပါလိမ့်မယ်..... ၅ စက္ကန့်လောက်စောင့်လိုက်မယ်ဆိုရင် insill ဆိုတဲ့ စာလုံးလေးထင်လာပြီး instill လုပ်လို့ရပါပြီ....

insitll လုပ်နေတဲ့ပုံပါ....
insitll လုပ်ပြီးတဲ့အခါ အဝါရောင်အတန်းလေးနဲ့ restart firefox ဆိုတဲ့စာလေးကျလာပါလိမ့်မယ်...ပုံမှာပြထားပါတယ်... restart လုပ်လိုက်ပါ...
restart လုပ်ပြီးလို့ firefox browser ပြန်ပွင့်လာတဲ tor-porxy toobar လေးတစ်ခု တိုးနေတာတွေ့ရပါလိမ့်မယ်.....
toobar မှာ website address ရိုက်ရမယ်အကွက်လေးတစ်ခုပါလာပါတယ်...အဲဒိအကွက်ထဲမှာ ပိတ်နေတဲ့ website လိပ်စာလေးကိုဖြည့်....ပြီးရင် enter လေးကို ဂေါက်ကနဲဆို ခေါက်လိုက်...ပိတ်နေတဲ့ဆိုဒ်ကြီး ပွင့်သွားတာကို ဝမ်းသာအားရတွေ့ရပါလိမ့်မယ်....သြော်...ပြောဖို့မေ့နေတာ..website လိပ်စာဖြည့်ရင် ရှေ့က http// ကိုတော့ ထည့်မရိုက်ဖို့ပါပဲ...
နည်းလမ်းလေးကတော့ဒီလောက်ပါပဲ...
အာလုံးအဆင်ပြေကြပါစေ...
p.s; ဘယ်အရာမှတော့အကြာကြီးမရဘူးပေါ့ဗျာ..သူတို့မသိခင်အထိတော့အာမခံပါတယ်..
Shortcuts
Help – F1
New Tab – Ctrl + T
Open link in new tab – Ctrl + Click
Duplicate Tab – Ctrl + K
Switch between tabs – Ctrl + Tab or Ctrl + Shift + Tab
Switch to a specific tab – Ctrl + X (replace X with 1 through 8, corresponding to the tab number)
Switch to last tab – Ctrl + 9
Close other tabs – Ctrl + Alt + F4
Close Tab – Ctrl + W
New Window – Ctrl + N
Quick Tabs – Ctrl + Q
Back – Alt + Left arrow
Forward – Alt + Right arrow
Find On this Page – Ctrl + F
Search box – Ctrl + E
Stop loading – Esc
Refresh – F5 or Ctrl+F5
Address bar – Alt + D
Display typed addresses – F4
Add www. and .com to your typed address – Ctrl + Enter
Open search query in a new tab – Alt + Enter
Open search provider menu – Ctrl + Down arrow
Open – Ctrl + O
Print – Ctrl + P
Printing options – Alt + P
Change paper, headers and footers, orientation, and margins – Alt + U
Display first page to be printed – Alt + Home
Display previous page to be printed – Alt + Left arrow
Display next page to be printed – Alt + Right arrow
Display last page to be printed – Alt + End
Type the number of the page you want displayed - Alt+A
Close Print Preview – Alt + C
Cut – Ctrl + X
Copy – Ctrl + C
Paste – Ctrl + V
Select All – Ctrl + A
Save page – Ctrl + S
Home page – Alt + Home
Favorites – Ctrl + Shift + I
Organize Favorites – Ctrl + B
History – Ctrl + Shift + H
Feeds – Ctrl + Shift +J
Zoom in – Ctrl + - (minus sign)
Zoom out – Ctrl + + (plus sign)
Reset zoom level – Ctrl + 0 (zero)
Full screen – F11
Caret Browsing – F7
Delete Browsing History – Ctrl + Shift + Del
InPrivate Browsing – Ctrl + Shift + P
InPrivate Filtering – Ctrl + Shift + F
Developer tools – F12
အင်တာနက်သုံးသူတွေအတွက် အသုံးဝင်စေမယ့် Mozilla firefox ရဲ့ shortcut.တွေပါ....အဆင်ပြေပြေနဲ့အသုံးပြု့နိုင်အောင်လို့တင်ပေးလိုက်တာပါ..
Shortcut keys Action
CTRL+A Selects the all items on active page
CTRL+B Display the "Organize Bookmarks" dialog box
CTRL+D Include the active page to your Bookmarks list
CTRL+F Display the "Find" dialog box to search text
CTRL+I Display the Bookmarks pane
CTRL+H Display the History sidebar of Mozilla Firefox
CTRL+N Use to open new Mozilla Firefox page
CTRL+P Use to print the active web page
CTRL+R Use to reload the active web page
CTRL+T Display a new Tab in active Firefox window
CTRL+U View the source code of active web page
CTRL+W Closes the active Mozilla Firefox window
CTRL++ Use to increase the font size of active page
CTRL+ - Use to decrease the font size of active page
CTRL+Tab Move to next Tab in Mozilla Firefox
ALT+Home Use to open the home page of internet explorer
ALT+Left Arrow Go to previous page of active page
ALT+Right Arrow Go to next page of active page
ALT+B Go to Mozilla Firefox Favorites Menu
ALT+D Go to address bar of current Firefox page
ALT+E Go to Mozilla Firefox Edit Menu
ALT+F Go to Mozilla Firefox File Men
ALT+S Go to Mozilla Firefox History Menu
ALT+T Go to Mozilla Firefox Tools Menu
ALT+V Go to Mozilla Firefox View Menu
Tab Move forward between all items on active web page
F5 Refresh the active web pageh keyboard
CTRL+SHIFT+DEL Use to clear all Private Data history
CTRL+SHIFT+D Use to Bookmarks all Firefox Tabs
F11 Press F11 key to view any webpage in full-screen view and then again press
for normal views
Press Ctrl+Enter Windows will automatically add both "www" and ".com". For example, if we type
ကျွန်တော်က Mozilla သုံးတာဆိုတော့ ဒီ short cut key တွေ ကအတော်လေးအသုံးဝင်တယ်ဗျ..... ဒါကြောင့်ပြန်လည်ဝေမျှလိုက်တာ
Face book chat ပြောရာမှာပဲဖြစ်ဖြစ် message ပို့ရာမှာပဲ ဖြစ်ဖြစ် ချစ်စရာရုပ်ပုံလေးတွေ ထည့်ပုံထည့်နည်းလေးကိုပြောပြချင်ပါတယ်...ဒီနည်းလမ်းလေ က Mozilla Firefox မှာပဲအဆင်ပြေပါတယ်.... တခြား browser တွေနဲ့ဆိုရင် အဆင်ပြေမှာမဟုတ်လို့ပါ...လိုက်လုပ်ကြည့်လိုက်ပါ....အသုံးပြု့ရတာ အရမ်း လွယ်လို့ပါ....
၁ ) အရင်ဆုံးအနေနဲ့ Mozilla Firefox addon လေးတစ်ခုကို
ဒီနေရာ ကနေ download လုပ်ယူလိုက်ပါ...
download link >>>...
.http://facemoods.com/landing/chattab << ကနေ download ရယူပြီးရင်
firefox browser ကိုပြန်ပြီး restart ပြန်လုပ်လိုက် ပါ.. firefox browser ကို ပြောတာပါ...window တစ်ခုလုံးကို ပြန်ပြီး restart လုပ်ခိုင်းတာမဟုတ်ပါဘူး...ဆိုလိုတာက firefox browser ကို ပိတ်ပြီးပြန်ဖွင့်ခိုင်းတာပါ....
ဒီအဆင့်ပြီးသွားရင်တော့ အသုံးပြု့လို့ရပါပြီ
ပုံမှာပြထားတဲကအတိုင်း chat အကွက်ရဲ့ဘေးမှာ ရုပ်ပုံလေးပေါ်လာမှာဖြစ်ပါတယ်...
ရုပ်ပုံထည့်လိုတဲ့အခါတိုင်းထိုအရုပ်ကလေးကို နှိပ်လိုက်ရင် ပုံမှာ အစိမ်းရောင်ညွှန်ပြထားတဲ့ box ကလေးပေါ်လာမှာဖြစ်ပြီး အသုံးပြု့လိုတဲ့ရုပ်ပုံကိုနှိပ်ကာအသုံးပြု့နိုင်ပါတယ်..
Face book chat history manager ကိုသုံပြီးတော့ face book မှာ သူငယ်ချင်းတွေနဲ့ chat ထားတဲ့ စာတွေ ကိုပြန်ရှာလို့ရမယ်နည်းလမ်းလေးကို ပြောပြချင်ပါတယ်....
အရင်က ကျွန်တော်လဲမသိပါဘူး..face book မှာ သူငယ်ချင်းတွေနဲ့စ ကားပြော ...ပြီးရင်ဘယ်မှာပြန်ရှာမလဲ မသိတော့.... အရမ်းကို စိတ်ညစ်ရပါတယ်... အခုတော့
.internet journal vol.11 No, 26 မှာဖော်ပြထားတဲ့ အတိုင်းလိုက်လုပ်ကြည့်လိုက်တာ အဆင်ပြေလို့..သူငယ်ချင်းတို့လဲစိတ်ဝင်စားမယ်ထင်လို့ ကျွန်တော် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်...
၁ )အရင်ဆုံး... add on လေးတစ်ခု ကိုတော့ install လုပ်ဖိုတော့လိုပါတယ်...
Mozilla Firefox အတွက် add on ကို
http://addons.mozilla.org/en-US/firefox/addon/12338 မှာ download ရယူ ပြီး install လုပ်ပါ...
၂ )install လုပ်ပြီးတဲ့အခါ မှာ.. Mozilla firefox browser ရဲ့ Menu bar မှ
tool menu နှိပ်ကြည့်ပါ..... tool menu ရဲ့အောက်ဆုံးမှာ facebook chat history manager ဆိုပြီးတိုးလာတာကိုတွေ့ရပါလိမ့်မယ်..
၃ )Account အသစ်လုပ်တဲ့အခါ face book ID လိုအပ်သည့်အတွက်..၎င်း Facebook ID ကို tool menu>> facebook chat history manager >>> Get facebook ID ကိုနှိပ်၍ ရယူပါ...
၎ )Face book ID ရပြီဆိုရင်တော့ tool menu >>> facebook chat history manager >>> Create Account ကိုရွေးချယ် Accountအသစ်ပြု့လုပ်ပါ.... Account သစ်ပြု့လုပ်တဲ့အခါ.. get account နှင့်ဆက်စပ်မှု့မရှိသည့်အတွက်....ကြိုက်နှစ်သက်ရာ User name နဲ့ password ကိုအသုံးပြု့နိုင်ပါတယ်...
၅ )Account လုပ်ပြီးသွားပြီဆိုရင်တော့ tool menu >> facebook chat history manager မှာရှိတဲ့ view History ကိုနှိပ်ပြီး. user name နဲ့ password ဖြည့်ကာ . face book မှာ chat ထားတဲ့ စာတွေကို ပြန်ဖက် လို့ရပါပြီ..
အရမ်းကိုအဆင်ပြေပါတယ်.... စမ်းသုံးကြည့်ပါ..
ကျေးဇူးတင်ပါတယ်..
Browser တစ်ခုတည်မှ G mail Account များကို တစ်ပြိုင်နက် အသုံးပြု့နုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးခြင်ပါတယ်....မသိတဲ့သူများအတွက်ရည်ရွယ်ပါတယ်
ဟိုးအရင်က Gmail account တွေကို တစ်ပြိုင်နက်တည်းအသုံးပြု့ချင်ရင် အခြား Browser တွေကနေ ဖွင့်နေရတာဖြစ်ပေမယ့် အခုနောက်ပိုင်း google က ထည့်သွင်းပေးလိုက်တဲ့ feature အသစ်ကြောင့် browser တစ်ခုပေါ်ကနေ g mail account များစွာကို တစ်ပြိုင်နက် အသုံးပြု့နိုင်ပါပြီဖြစ်ပါတယ်... နည်းလမ်းလေးကိုပြောပြမယ်နော်...
အရင်ဆုံး default အဖြစ်သုံးမယ့် gmail အကောင့်ကို sing in ဝင်လိုက်ပါ
အဲဒီနောက်
ညာဘက်အပေါ်မှာ ရှိနေတဲ့.. setting ကို Click ပါ...
အဲဒီနောက် Account and import >>> Account setting ဆက်တိုက်သွားပါ....
Account Setting ကိုနှိပ်တဲ့အခါ နောက်ထပ် tabတစ်ခုမှာ My account ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေါ်လာပါလိမ့်မယ်...အဲဒီမှာ profile setting ရဲ့အောက်ဆုံးမျာ multiple sing in ရဲ့ ဘေးမှ edit ကို နှိပ်၍ on ပြောင်းပေးပါ.. အဲဒီနောက် save ကိုနှိပ်ပါ...
အားလုံးပြီးသွားရင်တော့ ဝင်ထားတဲ့အကောင့်ရဲ့ ညာဘက်အပေါ်ဘက်က drop-drown menu( ပုံ (၆ ) )ပေါ်လာပါလိမ်မည့်. .အခြားအကောင့်ကိုအသုံးပြု့လိုတဲ့အခါ.. ယင်း drop down menu ရှိ sing in to another account ကိုနှိပ်ကာ ပြု့လုပ်အသုံးပြု့နိုင်ပါပြီ..
အင်တာနက် သုံးသူ တော်တော်များများမှာ တွေ့ နေရတာလေးတွေပါ ။ Website ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။ တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့ notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့် အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။
အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။ လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။
Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ
Ctrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menubar က Favorites ထဲမှာရှိပါတယ်။
ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာသုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။ Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေခေတ်စားလာတာပေါ့။
အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ ။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။
ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address bar မှာ
http://ww.google.com/bookmarks လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့ Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။
Forward Mail တစ်ဆောင်ကရ၍ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်
G talk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....သိ
တဲ့သူတွေကတော့မရီနဲ့ဗျာ......
G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....
အရင်ဆုံး g talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...
အဲဒီ tab ကိုဖွင့်လိုက်ပါ... Notification ဆိုတဲ့ tab ထဲမှာ Friend Online ဆိုတဲ့ box ကလေးတစ်ခုရှိပါတယ်.
အဲဒီ box ထဲက show notification ဆိုတဲ့ စာသားရဲ့ရှေ့က လေးထောင့်တုံးလေးကို အမှန်ချစ်ပေါ်အောင် click နှိပ်လိုက်ပါ... ပြီးရင် Ok နဲ့ ထွက်လိုက်ပါ...
သင့်ရဲ့သူငယ်ချင်းတွေအွန်လိုင်းပေါ်တက်လာတာနဲ့... destop screen ရဲ့ညာဘက်ထောင့်မှာ တက်လာသူရဲ့အမည်ကို ပြပါလိမ့်မယ်....
အဲဒီအခါကျရင် ဦးဦးဖျားဖျားလေး လှမ်းချွေလိုက်ပေါ့...
ချွင်းချက် ... busy အနေနဲ့..(အနီရောင်အတုန်းလေးနဲ့) အွန်လိုင်းပေါ်ကိုသင့်ရဲ့သူငယ်ချင်းတွေတက်လာ ရင်တော့ alarm အနေနဲ့လာပြမှာမဟုတ်ပါဘူး....