ကျော်ကျော်ဦးဘလော့မှကြိုဆိုပါ၏
ကျော်ကျော်ဦး
 


ဂျွန်ဟော့(ပ်)ကင်း(စ်)မှ ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

--------
(Fwd;မေးတစ်ဆောင်ကနေရတာပါ...ကျွန်တော်ရဲ့ဆိုဒ်မှာ ဗဟုသု့တ ရအောင်လို့ပြန်လင်ဖော်ပြပေးခြင်းဖြစ်ပါသည်)


ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့
နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။


၁။    လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေရှိတယ်။ ဒီကင်ဆာဆဲ(လ်) တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့
ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။
ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့ အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။

၂။     လူတစ်ယောက်ရဲ့ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။

၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊အကျိတ်လည်းမဖြစ်နိုင်ပါဘူး။

၎။    လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို့ တဲ့နေပြီဆိုတာကိုပြသတာပါဘဲ၊
ဒါဟာမျိုးရိုး၊ ပတ်ဝန်းကျင်၊ အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့်
ဖြစ်နိုင်ပါတယ်။

၅။     ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင် စားသောက်ပုံစံကိုပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။

၆။    ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့မှာ ရှိတဲ့ အပွားမြန်တဲ့ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ ကျောက်ကပ်၊ အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

၇။     ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာ တွေကိုပါ ထိခိုက်စေပါတယ်။

၈။     ဓါတ်ရောင်ခြည်(သို့) ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့
အများအားဖြင့် အကျိတ်တွေ ကျုံ့ သွားတတ်ပါတယ်၊ ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊ အကျိတ်တွေနောက်ထပ် မကျေပျက်တော့ပါဘူး။

၉။      ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီအခါမှာလူနေဟာ ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်စပ်တွဲအမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။     ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။  ခွဲစိတ်ကုသခြင်း ဟာလည်းကင်ဆာဆဲ(လ်)တွေကို
၁၁။      ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့
သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ် တောက်လိုက်ခြင်းပါဘဲ။

(က)  သကြား။ ။  သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ။သကြားကိုဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲံ အဓိကအဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့ သကြားအစား ထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲံအရာပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ်တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။ စားပွဲတင်ဆားဟာ ဓာတုပစ္စည်းရောထားတဲ့အတွက်ဖြူဖွေးနေတာပါ၊ ပင်လယ်နေလှမ်းဆားက ပိုကောင်းပါတယ်။


(ခ)  နို့ ။ ။  နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲတွေထွက်စေပါတယ်၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ။ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်)
တွေကစားသုံးနိုင်ပါတယ်။ နို့အစားသကြားမပါတဲ့ပဲနို့သောက်ရင်
ကင်ဆာဆဲ(လ်)တွေကိုအစာပြတ်စေနိုင်ပါတယ်။

(ဂ)  အသား ။ ။ ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ ပတ်ဝန်းကျင်မှာ
ပိုပွားနိုင်ပါတယ်။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ်။ အမဲသား၊ ၀က်သားထက် ငါးစားတာ အကာင်းဆုံးပါဘဲ။ ဒါမှမဟုတ်ကြက်သား နည်းနည်းစားနိုင်ပါတယ်။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဠိဇေ၀ဆေးတွေ၊ ကြီးထွားဟော်မုန်းတွေနဲ့ကပ်ပါးပိုးတွေ
ပါလာတတ်ပါတယ်။ ဒါတွေဟာ လူတွေအထူးသဖြင့် ကင်ဆာ ရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(ဃ)  လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။
ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။အဆန်။အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine)
အခြေအနေရောက်စေနိုင်တယ်။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အရည်ထဲမှာ စွမ်းအားမြင့်အင်ဆိုင်းတွေပါဝင်တယ်။ ခန္ဓာကိုယ်ကအလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီရောက်နိုင်တယ်။ ဆဲလ်တွေကို အာဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့အားပေးတယ်။
ကျန်းမာတဲ့ဆဲလ် တွေတည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်နဲ့  မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ်၊ သုံးကြိမ်လောက် စားပေးသင့်တယ်။
အပူချိန်104’F (40’c) နဲ့ ချက်ထားတဲ့ အစားအစာတွေမှာဆိုရင် စွမ်းအားမြင့်အင်ဆိုင်းတွေ ပျက်စီးသွားနိုင်တယ်။

(င) ကဖိန်း ။  ။ ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊
လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။ လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို ခုခံတဲ့သတ္တိလည်းရှိတယ်။ ရေဆိုရင်သောက်ရည်သန့် ဒါမှမဟုတ် သေချာစွာစစ်ထားတဲ့ရေဟာ အကောင်းဆုံးပါပဲ  ဘုံပိုင်ရေမှာက သတ္တုအလေးစား (Heavy Metals ) တွေ၊ အဆိပ်အတောက်တွေပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့ အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။

၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး
အဆိပ်အတောက်တွေပိုမိုဖြစ်ပေါ်စေပါတယ်။


၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာ ခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့
ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေပိုမိုလာတဲ့ အတွက် ခန္ဒာကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ ပိုလွယ်သွားပါတယ် ။

၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့ ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး ကင်ဆာ ဆဲ(လ်) တွေကိုသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E ) ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ၊ ထိခိုက်ခံထားရတဲ့ ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်းသိရပါတယ်။

၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ။

၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ
မပွားများနိုင်ပါဘူး ။ နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။ အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို ချေဖျက်နိုင်တဲ့ နောက်ထပ် နည်းလမ်းတခုပါဘဲ ။

နောက်ပြီး -
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီးမသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က
သတင်းလွှာတစ်စောင်မှာထုတ်ပြန်ခဲ့ပါသေးတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန (Walter Reed Army Medical Center) မှာလည်း ဖြန့်ဝေထားပါတယ်။
ဒိုင်အောက်ဆင်း ( Dioxin ) ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ်။  ဒိုင်အောက်ဆင်းဟာ ကျွန်တော်တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့။  ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ။ ဒီကျန်းမာရေးပြသနာကို မကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) က ရုပ်သံ အစီးအစဉ်တစ်ခုကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ်။ အဲဒီ့အစီအစဉ်မှာ ဒိုင်အောက်ဆင်းရဲ့ ဆိုကျိုးတွေကို တင်ပြဆွေးနွေးထားပါတယ်။

ပလက်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်ပါဘူးလို့ သူကပြောပါတယ်။ အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ်၊ အဆီရယ်၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင် ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားတယ်။ နောက်ဆုံးမှာ ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည်၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….) ကို သူကသုံးခိုင်းပါတယ်။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွှေးတဲ့ အခါ မူလဗူးခွက်တွေကို
မသုံသင့်ပါဘူး။ စက္ကူကိုသုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့် စက္ကထဲမှာ ဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည်၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ်။ အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခကတော့ ဒိုင်အောက်ဆင်းပါဘဲလို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ်ပါးပါးနဲ့ထုပ်ပြီး မိုက်ကရိုဝေ့ (ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်းအလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။

မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။

ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့ လူတွေဆီပေးပိုသင့်ပါတယ် ။


"Friendship beyond Frontier" group မှ မိတ်ဆွေတစ်ဦး ပေးပို့လာသော အီးမေးလ် ဖြစ်ပါသည်။

ကင်းဆာရောဂါမဖြစ်အောင် အစားအသောက်၊ အနေအထိုင် ဆင်ခြင်နိုင်ကြပါစေ။

-
ZAR ZAR SOE
10/24/2010 07:12:31 pm

A truth is better than a thousand gold pieces, warm WanLiHan frost, Can deliver a salute, A sweet greetings to my mind, Madly busy days take good care of yourself and LuBao a way from the grasslands, A greeting, bring me fragrant smell. From the north of blessing, let me feel the p recious friendship.

Reply
3/13/2011 05:45:48 pm

you can find what you want to in here,make your life full of color ,it's a perfect website.

Reply
5/5/2011 07:37:40 pm

ကျေးဇူးတင်ပါတယ် နောက်ထပ်လည်း ကင်ဆာရောဂါနဲံ ပတ်သက်တဲ့ သတင်းလေးတွေ တွေ့ရင်လည်း တင်ပေးပါအုံး

Reply
မောင်မောင်ခင်
9/22/2012 11:59:22 pm

ကျေးဇူးတင်ပါတယ်နောက်ထပ်ရှိသေးရင်မျှဝေပေးပါအုံး

Reply
thandar
3/4/2016 12:20:48 am

ကြက်သားကcellကိုပွါးစေတယ်သိထားပါတယ်ဟူတ်ပါသလား

Reply



Leave a Reply.

    Bookmark and Share
    myanmar flag Pictures, Images and Photos
    ဇော်ဂျီဖောင့်ရယူရန်
    အဖြူရောင်သံစဉ်

    Read more နှိပ်၍ဆက်လက်ဖက်ရှု့ပါ
    ဝေဖန်ချင်တာလေး
    တွေရေးခဲ့ပါ

    .......

    .......

    လာရောက်လည်ပတ်သူအရေအတွက်

    အမြန်ရှာရန်

    ခေါင်းစဉ်ဖြင့်ရှာရန်

    လင့်ချိတ်လိုသူများအတွက်

    <div align="center"><a href="http://2015kyawoo.
    weebly.com">
    <img src="http://img842
    .imageshack.us/img842/7366/myshop001.gif" width="147" border="0" height="71"></a></div>

    Enter your email address:



ကျေးဇူးတင်ပါသည်